ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးအနေဖြင့်(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်မည့် Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ) နှင့် Lot-2 (ဖျာပုံခရိုင် ရုံးခွဲအဆောက်အဦ၏ ရုံးအဝင်ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတားတည်ဆောက်ခြင်း) လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းအခမ်းအနားအား ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့တွင် (၁၂.၁၂.၂၀၁၉) ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(Lot-1)အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် တက်လမ်းသာကုမ္ပဏီနှင့် (Lot-2) အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် Royal Pathein Construction Co,Ltd ကုမ္ပဏီ(၂)ခုတို့အား တင်ဒါကော်မတီနှင့်ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီဝင်များ ရှေ့မှောက်တွင် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်စေခဲ့ရာ တက်လမ်းသာကုမ္ပဏီမှ Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ)အား တန်ဖိုးငွေ (၃၄၈၀၀၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါအောင်မြင်ခဲ့ပြီး Royal Pathein Construction Co,Ltd မှ Lot-2 (ဖျာပုံခရိုင်ရုံးခွဲအဆောက်အဦ၏ ရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတား တည်ဆောက်ခြင်း)အား တန်ဖိုးငွေ(၁၃၃၉၃၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါ အောင်မြင်ခဲ့ပါသည်။
တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာအား တင်ဒါအောင်မြင်ခဲ့သည့် တက်လမ်းသာကုမ္ပဏီမှ (၁.၁.၂၀၂၀) ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ဖေဖေါ်ဝါရီလကုန်အထိပြီးစီးမှု အခြေအနေမှာ Footing တူးခြင်းနှင့် Footing ချခြင်း၊ Retaining Wall အုတ်စီခြင်း၊ Ground Beam ချုပ်ရန်သံဆင်ခြင်း၊ Ground Beam လောင်းခြင်း၊ Plinth Level အထိ Short Colum တိုင်ထူခြင်း၊ Ground Beam အပေါ်မှ Plinth Level အောက်ခြေအထိ Retaining Wall အုတ်စီခြင်း၊ Plinth Beam လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်။
![23.3.2020[38]_Page_1](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_1.jpg?w=474)
![23.3.2020[38]_Page_2](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_2.jpg?w=474)
![23.3.2020[38]_Page_3](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_3.jpg?w=474)
![23.3.2020[38]_Page_4](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_4.jpg?w=474)
![23.3.2020[38]_Page_5](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_5.jpg?w=474)
![23.3.2020[38]_Page_8](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_8.jpg?w=474)
![23.3.2020[38]_Page_7](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_7.jpg?w=474)
![23.3.2020[38]_Page_6](https://dma.gov.mm/wp-content/uploads/2020/03/23.3.202038_page_6.jpg?w=474)















(၁၈.၁.၂၀၂၀ နေ့တွင် ရေယာဉ်အုပ်စာမေးပွဲများ ကျင်းပခြင်း)
(ပန်းတောင်းမြိုနယ်အတွင်း မြင်း(၂၀)အောက်ရေယာဉ်များလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း)
(ရေကြောင်းဆိုင်ရာအန္တရယ်ကင်းရှင်းရေးအသိပညာပေးဟောပြောခြင်း)
























