Category Archives: News

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးရုံး၏ အရာထမ်းအိမ်ရာ RC(၁)ထပ်(၂)ခန်းတွဲ(အလျား၃၆ပေ x အနံ၃၆ပေ x အမြင့်၁၂ပေ) ဖေဖေါ်ဝါရီလအထိတည်ဆောက်ရေးလုပ်ငန်းဆောက်ရွက်နေမှု

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးအနေဖြင့်(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်မည့် Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ) နှင့် Lot-2 (ဖျာပုံခရိုင် ရုံးခွဲအဆောက်အဦ၏ ရုံးအဝင်ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတားတည်ဆောက်ခြင်း) လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းအခမ်းအနားအား ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့တွင် (၁၂.၁၂.၂၀၁၉) ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(Lot-1)အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် တက်လမ်းသာကုမ္ပဏီနှင့် (Lot-2) အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် Royal Pathein Construction Co,Ltd ကုမ္ပဏီ(၂)ခုတို့အား တင်ဒါကော်မတီနှင့်ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီဝင်များ ရှေ့မှောက်တွင် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်စေခဲ့ရာ တက်လမ်းသာကုမ္ပဏီမှ Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ)အား တန်ဖိုးငွေ (၃၄၈၀၀၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါအောင်မြင်ခဲ့ပြီး  Royal Pathein Construction Co,Ltd မှ Lot-2 (ဖျာပုံခရိုင်ရုံးခွဲအဆောက်အဦ၏ ရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတား တည်ဆောက်ခြင်း)အား တန်ဖိုးငွေ(၁၃၃၉၃၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါ အောင်မြင်ခဲ့ပါသည်။

တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာအား တင်ဒါအောင်မြင်ခဲ့သည့် တက်လမ်းသာကုမ္ပဏီမှ (၁.၁.၂၀၂၀) ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ဖေဖေါ်ဝါရီလကုန်အထိပြီးစီးမှု အခြေအနေမှာ  Footing တူးခြင်းနှင့် Footing ချခြင်း၊ Retaining Wall အုတ်စီခြင်း၊ Ground Beam ချုပ်ရန်သံဆင်ခြင်း၊ Ground Beam လောင်းခြင်း၊ Plinth Level အထိ Short Colum တိုင်ထူခြင်း၊ Ground Beam အပေါ်မှ Plinth Level အောက်ခြေအထိ Retaining Wall အုတ်စီခြင်း၊ Plinth Beam လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်။

23.3.2020[38]_Page_123.3.2020[38]_Page_2

23.3.2020[38]_Page_323.3.2020[38]_Page_423.3.2020[38]_Page_523.3.2020[38]_Page_823.3.2020[38]_Page_723.3.2020[38]_Page_6

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ

(က)    ရေယာဉ်များ တိုင်းတာစစ်ဆေးမှတ်ပုံတင်ခြင်း

ပြည်တွင်းရေကြောင်းသွား စက်တပ်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာ ခုတ်မောင်းနိုင်စေရေးအတွက် ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေအရ တိုင်းတာစစ်ဆေးမှတ်ပုံတင်ပေးလျှက်ရှိပါသည်။

FB_IMG_1566883394847

            (ထုံးဘိုဆိပ်ကမ်းရှိရေယာဉ်များအား တိုင်းတာစစ်ဆေးမှတ်ပုံတင်ဆောင်ရွက်ပေးခြင်း)

( ခ )   ကျွမ်းကျင်မှုလက်မှတ်များ စစ်ဆေးထုတ်ပေးခြင်း

မြစ်ကြောင်းသွား စက်တပ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်နေသော ရေယာဉ်ဝန်ထမ်းများအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် သတ်မှတ်လုပ်သက် အလိုက်  ကျွမ်းကျင်မှုအရည်အချင်းစစ် စာမေးပွဲများ ပြုလုပ်စစ်ဆေး၍ ပထမတန်း ရေယာဉ်အုပ်(၂)ဦး၊ ဒုတိယတန်းရေယာဉ်အုပ်(၂၇)ဦးနှင့် တတိယတန်းရေယာဉ်အုပ် (၁၂)ဦး တို့အား   ရေယာဉ်အုပ်ကျွမ်းကျင်မှုလက်မှတ်များ ထုတ်ပေးခဲ့ပါသည်။

Picture1       (၁၈.၁.၂၀၂၀ နေ့တွင်   ရေယာဉ်အုပ်စာမေးပွဲများ ကျင်းပခြင်း)

 ( ဂ )  ရေယာဉ်များအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း စက်မြင်းကောင်ရေ(၂၀)အထက် ရေယာဉ်(၉)စီးနှင့် စက်မြင်းကောင်ရေ(၂၀)အောက် ရေယာဉ်(၂)စီးအား ရေယာဉ်မောင်းနှင်ခွင့်လက်မှတ်နှင့် ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်း လိုင်စင်များကို ကွင်းဆင်းဆောင်ရွက်ပြီး လိုင်စင်များထုတ်ပေးပြီးဖြစ်ပါသည်။

                  FB_IMG_1566883450525 (ပန်းတောင်းမြိုနယ်အတွင်း မြင်း(၂၀)အောက်ရေယာဉ်များလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း)

(ဃ) ရေကြောင်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောခြင်းများကို ပန်းတောင်းမြို့ နယ်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

FB_IMG_1566883523089     (ရေကြောင်းဆိုင်ရာအန္တရယ်ကင်းရှင်းရေးအသိပညာပေးဟောပြောခြင်း)

 

 

 

NATIONAL CONSULTATION SEMINAR ON NATIONAL CONTINGENCY PLAN FOR MARINE POLLUTION

The National Contingency Plan (NCP) for Marine Pollution aims to establish preparedness and response measures pollution incidents by local and national mechanism as well as in coordination with other countries in combating major incidents or threats of marine pollution.

This Seminar will focus on the consultation on the NCP that has been drafted by the National Task Force (NTF) and is under translation process.

The programme includes the explanation on the whole features of National Contingency Plan as well as stakeholder consultation workshop on the draft NCP. After the workshop, the NCP will be translated into national language and, then submit to the Attorney General Office through Ministry.

Therefore, National Consultation Seminar on National Contingency Plan for Marine pollution will be held from 15 to 16 November, 2018 at Yangon. This Seminar is jointly organized by the Department of Marine Administration, Ministry of Transport and Communications, the Government of the Republic of the Union of Myanmar and Norwegian Coastal Administration (NCA).

Download Here : Brochure