SID Card လျှောက်ထားလိုသူများသို့ အသိပေးခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မြန်မာသင်္ဘော သားများသို့ Seafarers’ Identity  Document  (SID) Card ထုတ်ပေးနိုင်ရန်အတွက် တင်ဒါ အောင်မြင်ခဲ့သော Shwe Emperor Group Co.,Ltd.နှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့သည် (၂၃-၁၀-၂၀၂၃)ရက်နေ့မှစတင်၍ Online Booking System ဖြင့် ရက်ချိန်း‌‌ရယူခြင်းကို လက်ခံဆောင်ရွက်ပေးခဲ့ရာ သင်္ဘောသားများအနေဖြင့် Online Booking လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် (၃-၁၁-၂၀၂၃)ရက်နေ့မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း၊ (၁၆:၀၀)နာရီအချိန်တွင် Online Booking ကို www.sidbooking.com သို့ သို့ လျှောက်ထားဆောင်ရွက်သွားနိုင်ကြောင်းကို အသိပေးအပ်ပါသည်။

သင်္ဘောသားဌာနခွဲ