ရေကြောင်းဌာနခွဲ၊ သင်တန်းဌာနစု

2020.02.17 Survey Requirement for Website_Page_01

          အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအား ဆောင်ရွက်လိုပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုတွင် လာရောက်လျှောက်ထား နိုင်ပါသည်-

၁။      သင်တန်းကျောင်းများဖွင့်လှစ်ရာတွင် Maritime Education and Training   (MET) Institute or MET Centre Approval လက်မှတ်ထုတ်ယူရန် နှင့် လက်မှတ်သက်တမ်းတိုးရန်အတွက် လျှောက်ထားခြင်း။

၂။       သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် အတည်ပြုပေးသော Course Approval    for Certificate of Competency သို့မဟုတ် Certificate of Proficiency           လက်မှတ်ထုတ်ယူရန်အတွက် လျှောက်ထားခြင်း။

၃။      သင်တန်းကျောင်းများမှ သင်တန်းအပတ်စဉ်များအား စတင်ဖွင့်လှစ်သင်ကြား ခွင့်ပြုရန်နှင့် သင်တန်းပြီးဆုံးကြောင်း အတည်ပြုရန်အတွက် သင်တန်းသား      စာရင်းလျှောက်ထားခြင်း။

၄။      ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service Testimonial ထုတ်ယူရန် အထွက်သတင်းပို့လျှောက်ထားခြင်း။

၅။      ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ အဝင် သတင်းပို့လျှောက်ထားခြင်း။

၆။      Able  Seafarer   Deck  Watchkeeping   II/5 သင်တန်းတက်ရောက်ခွင့် အတွက် ပင်လယ်ပြင် လုပ်သက်အတည်ပြုရယူရန်အတွက် လျှောက်ထားခြင်း။

သင်တန်းကျောင်းများဖွင့်လှစ်ရာတွင် Maritime Education and Training (MET) Institute or MET Centre Approval လက်မှတ်ထုတ်ယူရန် နှင့် လက်မှတ်သက်တမ်းတိုးရန်အတွက် လျှောက်ထားခြင်း

(၁)     သင်တန်းကျောင်းများ Maritime Education and Training (MET) Institute or MET    Centre Approval လက်မှတ်ထုတ်ယူခြင်းအတွက် လျှောက်ထားရာတွင် အောက်ပါ         စာရွက်စာတမ်းများ တင်ပြရမည်-

(ခ)     သင်တန်းကျောင်းအမည်၊

(က)    ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊

(ဂ)     သင်တန်းကျောင်းဖွဲ့စည်းပုံ၊

(ဃ)    သင်တန်းကျောင်းတည်နေရာ၊

(င)     သင်တန်းကျောင်းဖွင့်လှစ်မည့် မြေနေရာနှင့် စာသင်ခန်းများ ဖော်ပြထားသော သင်တန်းကျောင်း၏ အဆောက်အဦးပုံစံ၊

(စ)     မြေနှင့်အဆောက်အဦးပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် အငှါးစာချုပ်၊

(ဆ)    သင်တန်းကျောင်း၏ရည်ရွယ်ချက် ၊ လုပ်ငန်းဆောင်ရွက်မည့်စီမံချက် နှင့် ငွေကြေး စီမံခန့်ခွဲမှုစီမံချက်၊

(ဇ)     သင်ကြားလိုသော သင်တန်းများ၊

( ဈ )   သင်တန်းကျောင်း ဒါရိုက်တာအဖွဲ့၊ ကျောင်းအုပ်ကြီးနှင့် သင်ကြားမည့် ဆရာ ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များ၊ နှင့်

(ည)    သင်တန်းကျောင်းမှတ်ပုံတင်ထားသော ငွေချလံမူရင်း။

(၂)      သင်တန်းကျောင်းများ  Maritime Education and Training (MET) Institute or MET   Centre Approval လက်မှတ်သက်တမ်းတိုးခြင်းအတွက် လျှောက်ထားရာတွင် အထက်    စာပိုဒ်(၁)ပါ စာရွက်စာတမ်းများနှင့်အတူ  Maritime Education and Training (MET)         Institute or MET Centre Approval  မူရင်းကို တင်ပြရမည်။

 (၃)    သင်တန်းကျောင်းများဖွင့်လှစ်ရာတွင် Maritime Institute Approval လက်မှတ်ထုတ်ယူ ရန် နှင့် လက်မှတ်သက်တမ်းတိုးရန်အတွက် လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိရှိလို    သည်များရှိပါက ရုံးချိန်အတွင်း တယ်လီဖုန်းနံပါတ် ၀၉-၈၈၄၄၅၈၀၁၁ သို့ ဆက်သွယ်၍ လည်းကောင်း၊ ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း  စုံးစမ်းမေးမြန်းနိုင်ပါသည်။

(၄)    DMA မှ အတည်ပြုချက်ရယူထားသော သင်တန်းကျောင်းများစာရင်းများကို အောက်ပါ     Link တွင် ကြည့်ရှူနိုင်ပါသည်-

***Download Here: List of Maritime Education and Training Centres (Updated to March 2021)


သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် အတည်ပြုပေးသော Course Approval for Certificate of  Competency  သို့မဟုတ် Certificate  of  Proficiency  လက်မှတ်ထုတ်ယူရန်အတွက် လျှောက်ထားခြင်း

(၁)       သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် အတည်ပြုပေးသော Course Approval  for        Certificate of Competency   သို့မဟုတ် Certificate of Proficiency  လက်မှတ်      ထုတ်ယူရန်အတွက် လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများတင်ပြရမည်-

  1. Application Letter;
  2. Course Aims;
  3. Location;
  4. Contract Address;
  5. Area Of Classroom;
  6. Emergency Generator;
  7. Safety System;
  8. Classroom Capacity;
  9. Organization Chart;
  10. Supporting Staff;
  11. Course Duration;
  12. Instructor List;  
  13. Instructors’ CV Form;
  14. Instructors’ Certificates included ( TOT Certificate & Contract between Instructor and Training  Institute / Center );
  15. Course Frame Work;
  16. Instructor Manual;
  17. Evaluation Sheets;
  18. Quality System (if any);
  19. Assessment Plan;
  20. Classroom Photos;
  21. Course Completion Certificate;
  22. Course Approval Letter; and
  23. Lesson Plan.

 (၂)     သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် အတည်ပြုပေးသော Course Approval for         Certificate of  Competency  သို့မဟုတ် Certificate  of  Proficiency  လက်မှတ်    ထုတ်ယူရန်အတွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက ရုံးချိန်    အတွင်း တယ်လီဖုန်းနံပါတ် (၀၉-၈၈၄၄၅၈၀၁၁) သို့ ဆက်သွယ်၍လည်းကောင်း၊      ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစု သို့ လူကိုယ်တိုင်လာရောက်၍လည်းကောင်း     စုံစမ်းမေးမြန်းနိုင်ပါသည်။

(၃)   DMA မှ ခွင့်လှစ်ခွင့်ရရှိထားသော သင်တန်းကျောင်းများတွင် Course for Certificate of            Competency  သို့မဟုတ် Certificate  of  Proficiency  အတွက် အတည်ပြုပေးထား    သော သင်တန်းစာရင်းများကို အောက်ပါ Link တွင် ကြည့်ရှူနိုင်ပါသည်-

***Download Here: List of Courses for Certificate of Competency or Certificate of Proficiency (Updated to March 2021)


သင်တန်းကျောင်းများမှသင်တန်းအပတ်စဉ်များအား  စတင်ဖွင့်လှစ်သင်ကြားခွင့်ပြုရန် နှင့် သင်တန်းပြီးဆုံးကြောင်း အတည်ပြုရန်အတွက် သင်တန်းသားများစာရင်း လျှောက်ထားခြင်း

(၁)     သင်တန်းကျောင်းများမှ သင်တန်းအပတ်စဉ်များအား စတင်ဖွင့်လှစ်သင်ကြားခွင့်ပြုရန်    အတွက် သင်တန်းသားများစာရင်း လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်း များဖြင့် တင်ပြရမည်-

(က)    သင်တန်းကျောင်းအမည်၊

(ခ)     ဖွင့်လှစ်လိုသည့် သင်တန်းအမည်၊

(ဂ)     သင်ကြားမည့်ဆရာ ၊ ဆရာမများစာရင်း၊

(ဃ)    သင်တန်းသားများစာရင်း နှင့် 

(င)     အချိန်ဇယား။

(၂)      သင်တန်းကျောင်းများမှ သင်တန်းအပတ်စဉ်များအား သင်တန်းပြီးဆုံးကြောင်း           အတည်ပြုရန်အတွက် သင်တန်းသားများစာရင်း လျှောက်ထားရာတွင် အောက်ပါစာရွက်           စာတမ်းများဖြင့် တင်ပြရမည်-

(က)    သင်တန်းကျောင်းအမည်၊

(ခ)     သင်တန်းအမည်၊

(ဂ)     သင်ကြားခဲ့သည့်  ဆရာ၊ဆရာမ စာရင်း၊

(ဃ)   သင်တန်းသားများစာရင်း၊

(င)     အချိန်ဇယား နှင့်

(စ)     သင်တန်းရက်အလိုက် သင်တန်းသားများ၏ကျောင်းတက်ချိန် ဇယား။

(၃)  သင်တန်းအပတ်စဉ်များအား စတင်ဖွင့်လှစ်သင်ကြားခွင့်ပြုရန်နှင့် သင်တန်းပြီးဆုံးကြောင်း           အတည်ပြုရန်အတွက် သင်တန်းသားများစာရင်း လျှောက်ထားခြင်းနှင့် ပတ်သက်၍           သိရှိလိုသည်များရှိပါက ရုံးချိန်အတွင်း တယ်လီဖုန်းနံပါတ် (၀၉-၈၈၄၄၅၈၀၁၁) သို့           ဆက်သွယ်၍လည်းကောင်း၊ ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုသို့ လူကိုယ်တိုင်           လာရောက်၍လည်းကောင်း ရုံးချိန်အတွင်း စုံးစမ်းမေးမြန်းနိုင်ပါသည်။


        ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service Testimonial ထုတ်ယူရန် အထွက်သတင်းပို့ လျှောက်ထားခြင်း

(၁)     ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service Testimonial ထုတ်ယူရန် အထွက်သတင်းပို့လျှောက်ထားရာတွင် အောက်ပါစာရွက်   စာတမ်းများဖြင့် တင်ပြရမည်-

(က)    သင်္ဘောအရာရှိများဖြစ်ပါက

                    –         Certificate of Competency  လက်မှတ် နှင့်

                    –         Seafarer Employment Agreement (SEA)

(ခ)     MMU သို့မဟုတ် MMMC ကျောင်းဆင်းများ ( Deck Cadet or Assistance Officer) ဖြစ်ပါက

                    –         သက်ဆိုင်ရာကျောင်းဆင်းလက်မှတ်

                    –         Updated Memorandum of Agreement (MOA);

                    –         All in one (Certificate of Proficiency);

                    –         Seafarer Employment Agreement (SEA); နှင့်

                    –         Training Record Book (TRB)

(ဂ)     သင်္ဘောသားများ ( Crew ) ဖြစ်ပါက

                    –         ( ၁၀ ) တန်းအောင်လက်မှတ်

                    –         All in one (Certificate of Proficiency) နှင့်

                    –         Seafarer Employment Agreement (SEA)

မှတ်ချက်။      SRPSကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာသင်္ဘောများပေါ်သို့  တာဝန်ထမ်းဆောင်မည့် သင်္ဘောအရာရှိများ သို့မဟုတ် သင်္ဘောသားများအား ပင်လယ်ပြင်လုပ်သက် ရယူရန်အတွက် Sea Service Testimonial ကို  Online ဖြင့် လျှောက်ထားရာတွင် DMA   ရုံး  Website   သို့  ၀င်ရောက်၍  Sea   Service  Application   Form ၌ သင်္ဘောအရာရှိများ  သို့မဟုတ်  သင်္ဘောသားများတို့နှင့်  သက်ဆိုင်သည့်အချက်  အလက်များအားလုံးကို    ဖြည့်စွက်ပြီးနောက်   Upload  တင်ပေးရမည့်စာရွက် စာတမ်းများ ပူးတွဲတင်ပြ၍ DMA သို့ Submitted လုပ်ပြီး Testimonial ထုတ်ယူရမည်။

(၂)      ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service Testimonial ထုတ်ယူရန် အထွက်သတင်းပို့ လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိရှိလို           သည်များရှိပါက ရုံးချိန်အတွင်း တယ်လီဖုန်းနံပါတ် (၀၉-၈၈၄၄၅၈၀၁၁) သို့ ဆက်သွယ်၍           လည်းကောင်း၊ ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း  စုံစမ်း မေးမြန်း နိုင်ပါသည်။

(၃)    Sea Service Testimonial ထုတ်ယူရန် Online မှ လျှောက်ထားပုံအဆင့်ဆင့်ကို အောက်ပါ Link တွင် ကြည့်ရှူနိုင်ပါသည်-

***Download Here: Online Departure for issuing Sea Service Testimonial


        ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service Testimonial ထုတ်ယူရန် အဝင်သတင်းပို့ လျှောက်ထားခြင်း

(၁)     ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service           Testimonial အတည်ပြုရန် အဝင်သတင်းပို့လျှောက်ထားရာတွင် အောက်ပါစာရွက်           စာတမ်းများဖြင့် တင်ပြရမည်-

(က)    Colour Scan ဖြင့်ဖတ်ထားသော Passport စာမျက်နှာများ၊

(ခ)     အထွက်သတင်းပို့စဉ်ကထုတ်ပေးထားသည့် Sea Service Testimonial မူရင်းတွင် တာ၀န်ထမ်းဆောင်ခဲ့သောသင်္ဘော၏ ရေယာဉ်မှူးမှ လက်မှတ် ရေးထိုးထားသော အထောက်အထားနှင့် ရေယာဉ်မှူး၏မှတ်ချက်များ၊

(ဂ)     Sea-going Service အတည်ပြုနိုင်ရန်အတွက် Date of Engagement နှင့် Date of Discharge ပါရှိသော Seafarers Identification and Record Book (SIRB) စာမျက်နှာများ၊

(ဃ)    ရာထူးပြောင်း သို့မဟုတ် သင်္ဘောပြောင်းအတွက် SRPSကုမ္ပဏီမှ ရေကြောင်း ဌာနခွဲသို့  သက်မှတ်ချိန်အတွင်း တင်ပြထားသော အထောက်အထား စာရွက် စာတမ်း၊

(င)     Scan ဖြင့်ဖတ်ထားသော Certificate of Competency သို့မဟုတ် All in one (Certificate of Proficiency) စာမျက်နှာများ၊

(စ)     “Deck Officer in charge of a navigational watch on ships  of 500 gross tonnage or more” ဖြေဆိုမည့်သူများအတွက်-

(၁)  MMU သို့မဟုတ် MMMC ကျောင်းဆင်းများဖြစ်ပါက-

–  Updated Memorandum of Agreement နှင့်

–  Approved Training Record Book (TRB)

(၂)   MMU သို့မဟုတ် MMMC ကျောင်းဆင်းများမှအပ ကျန်သင်္ဘောသား များဖြစ်ပါက-

  • ပညာအရည်အချင်း အထောက်အထားဖြစ်သော

      ( ၁၀ ) တန်းအောင်လက်မှတ်

မှတ်ချက်။      SRPSကုမ္ပဏီများအနေဖြင့်  သက်ဆိုင်ရာ      သင်္ဘောများပေါ်သို့ တာဝန်ထမ်း ဆောင်ခဲ့သည့်   ပင်လယ်ပြင်လုပ်သက်ရယူမည့်   သင်္ဘောအရာရှိများ  သို့မဟုတ် သင်္ဘောသားများ  ပြန်လည်ရောက်ရှိကြောင်းကို  DMA   Website (သင်္ဘောသား ဌာနခွဲ)  သို့  Online  မှ  လက်ဗွေဖြင့်  သတင်းပို့ပြီး Approved ရယူပြီးမှသာ Sea Service  Testimonial   အတည်ပြုရန်    DMA   Website   ရှိ  Sea     Service Submission  တွင်    ၎င်းသင်္ဘောအရာရှိများ     သို့မဟုတ်   သင်္ဘောသားများ၏ အချက်အလက်များအားလုံးကို     ဖြည့်စွက်ပြီးနောက်  Upload  တင်ပေးရမည့် စာရွက်စာတမ်းများပူးတွဲတင်ပြ၍  DMA  သို့  Submitted  လုပ်ပြီး လျှောက်ထား   ရမည်။   တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောများမှ  ဆင်းခွင့်ပြုခဲ့သောရက် (Sign            Off Date) မှ  ၄၅ရက် အတွင်းသာ လျှောက်ထားခြင်းကိုသာခွင့်ပြုမည်။

(၂)      ပင်လယ်ပြင်လုပ်သက်ရယူမည့် သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ Sea Service           Testimonial အတည်ပြုရန် အဝင်သတင်းပို့ လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိ လိုသည်များရှိပါက ရုံးချိန်အတွင်း တယ်လီဖုန်းနံပါတ် (၀၉-၈၈၄၄၅၈၀၁၁) သို့   ဆက်သွယ်၍လည်းကောင်း၊ ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုသို့ လူကိုယ်တိုင်           လာရောက်၍လည်းကောင်း  စုံစမ်းမေးမြန်းနိုင်ပါသည်။

(၃)  Sea Service Testimonial အတည်ပြုချက်ရယူရန် Online မှ လျှောက်ထားပုံအဆင့်ဆင့်ကို အောက်ပါ Link တွင် ကြည့်ရှူနိုင်ပါသည်-

***Download Here: Online Arrival for Sea Service Testimonial Approval


           Able  Seafarer   Deck  Watchkeeping   II/5  သင်တန်းတက်ရောက်ခွင့်အတွက် ပင်လယ်ပြင်လုပ်သက်အတည်ပြုရယူရန်အတွက် လျှောက်ထားခြင်း

(၁)     Able Seafarer Deck Watchkeeping II/5 သင်တန်းတက်ရောက်ခွင့်အတွက်           ပင်လယ်ပြင်လုပ်သက်အတည်ပြုရယူရန် လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်း           များဖြင့် တင်ပြရမည်-

(က)    Able  Seafarer  Deck  Watchkeeping  II/5    သင်တန်းတက်ရောက်ရန်အတွက် လျှောက်လွှာ (၃)စောင်

(ခ)     သင်တန်းတက်ရောက်မည့်သူ၏ Seafarers  Identification  and  Record  Book (SIRB ) ( မူရင်း နှင့် မိတ္တူ )  ( အသစ် / အဟောင်း )

 (ဂ)    Efficient Deck Hand (EDH) ( မူရင်း နှင့် မိတ္တူ )

(ဃ)    All in one (Certificate of Proficiency) ( မူရင်း နှင့်  မိတ္တူ )

(၂)      Able Seafarer Deck Watchkeeping   II/5  သင်တန်း တက်ရောက်ခွင့် အတွက် ပင်လယ်ပြင်လုပ်သက် အတည်ပြုရယူရန်အတွက် လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါက ရုံးချိန်အတွင်း တယ်လီဖုန်းနံပါတ် (၀၉-၈၈၄၄၅၈၀၁၁) သို့ ဆက်သွယ်၍လည်းကောင်း၊  ရေကြောင်းဌာနခွဲ၊ လေ့ကျင့်ရေးဌာနစုသို့ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊  စုံစမ်း မေးမြန်းနိုင်ပါသည်။