All posts by DMA-MM

Announcement

DateAnnouncement
No.
Description
01/02/2021ရညန/ရေကြောင်းဌာနခွဲ၏ ကြေညာချက် ၃/၂၀၂၁ရေကြောင်းဘက်ဆိုင်ရာ ကျွမ်ကျင်မှုလက်မှတ်နှင့် တတ်ကျွမ်းမှုလက်မှတ်များအတွက် အင်တာနက်ကွန်ရက်သုံး သင်တန်းများဖြင့် သင်တန်းပို့ချခြင်းဆိုင်ရာ ကြေညာချက်

Download:
နောက်ဆက်တွဲများ
02/12/2020ရညန၏ကြေညာချက် အမှတ် ၁၂/၂၀၂၀ပြည်ပနိုင်ငံများရှိ သင်္ဘောများပေါ်သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် မြန်မာသင်္ဘောသားများ COVID-19 Swab Test စစ်ဆေးမှု ခံယူပြီးပါက သီးခြား နေထိုင်ရမည့် နေရာတွင် နေထိုင်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့် အချက်များအား တိကျစွာ လိုက်နာရန် ကြေညာချက် ထုတ်ပြန်ခြင်း
04/11/2020ရညန/ရေကြောင်းအင်ဂျင်နီယာ ဌာနခွဲ၏ ကြေညာချက် (၃/၂၀၂၀)ရေကြောင်းအင်ဂျင်နီယာအရာရှိ/ လျှပ်စစ်နည်းပညာ အရာရှိ ကျွမ်းကျင်မှုလက်မှတ် Online Updating Course သင်တန်းနှင့် Online Advanced Fire Fighting Revalidation Course သင်တန်းများအတွက် လမ်းညွှန်ချက်၊ သင်ရိုးညွှန်းတမ်းနှင့် Course Outline များ ထုတ်ပြန်သတ်မှတ်ခြင်း
30/09/2020

ရညန/ရေကြောင်းဌာနခွဲ၏ ကြေညာချက် အမှတ် ၃၂/၂၀၂၀

Sea-Going Service Approval လျှောက်ထားခြင်းအား Online မှ ဆောင်ရွက်သွားရန် ကိစ္စ

လျှောက်ထားမှု လုပ်ထုံးလုပ်နည်းများ

20/10/2020ရညန၏ကြေညာချက် အမှတ် ၁၀/၂၀၂၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတကာရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေသော ရေယာဉ်ဝန်ထမ်းများ မြန်မာနိုင်ငံဆိပ်ကမ်းများနှင့် မြန်မာ့ရေပြင်တွင် သင်္ဘောအတက်အဆင်း ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခြင်း

Announcement 10-2020

09/09/2020ရညန၏ကြေညာချက် အမှတ် ၁၁/၂၀၂၀

Coronavirus Disease 2019 (Covid-19) ပြန့်ပွားမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်များအရ မြန်မာသင်္ဘောသားများ၏ လုပ်သက် မှတ်တမ်းစာအုပ် (SIRB) များအား ယာယီသက်တမ်း တိုးမြှင့်ခြင်းဆိုင်ရာ လမ်းညွှန်ချက် ထုတ်ပြန်ခြင်း

announcement (11-2020)

01/09/2020ရညန၏ကြေညာချက် အမှတ် ၈/၂၀၂၀ရေကြောင်းဘက်ဆိုင်ရာနှင့် ရေကြောင်းအင်ဂျင်နီယာဆိုင်ရာ သင်တန်းကျောင်းများ ရပ်ဆိုင်းရန် ကိစ္စ
13/05/2020ရညန၏ကြေညာချက် အမှတ် ၆/၂၀၂၀Coronavirus Disease 2019 (COVID-19) ရောဂါကာလအတွင်း မြန်မာ သင်္ဘောသားများအနေဖြင့် သင်္ဘောပေါ်တွင် ဆက်လက် တာဝန်ထမ်းဆောင် ခြင်း၊ သင်္ဘောမှ Sign Off ပြုလုပ်၍ မိခင်နိုင်ငံသို့ ပြန်လာခြင်းနှင့် သင်္ဘောတွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့်ကိစ္စ
13/05/2020

ရညန၏ကြေညာချက် အမှတ် ၅/၂၀၂၀

(Revoke)

Coronavirus Disease 2019 (COVID- 19) ပြန့်ပွားမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်အရ မြန်မာသင်္ဘောသားများ၏ လုပ်သက် မှတ်တမ်းစာအုပ် (SIRB) များအား ယာယီသက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာ လမ်းညွှန်ချက် ထုတ်ပြန်ခြင်း

Announcement No. 5/2020

30/04/2020ရညန၏ကြေညာချက် အမှတ် ၇/၂၀၂၀ရေယာဉ်များနှစ်စဉ်သက်တမ်းတိုးစစ်ဆေးခြင်းတို့အတွက် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားများ တင်ပြရန် ကိစ္စ။
29/04/2020ရညန၏ကြေညာချက် အမှတ် ၄/၂၀၂၀Corona virus Disease 2019 (COVID-19) ပျံ့ပွားမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်များအရ မြန်မာနိုင်ငံအလံလွှင့်ထူထားသော သင်္ဘောများတွင် သက်ဆိုင်ရာ ကွန်ဗင်းရှင်းများအရ စစ်ဆေးခြင်း (Statutory Inspection)၊ သင်္ဘောပေါ်တွင် ထားရှိရမည့် လက်မှတ် (Statutory Certificate)ထုတ်ပေးခြင်းနှင့် ပြန်လည်စစ်ဆေးခြင်းဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခြင်း။
27/04/2020ရညန၏ကြေညာချက် အမှတ် ၃/၂၀၂၀Corona virus Disease 2019 (COVID-19) ပျံ့ပွားမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်များအရ နိုင်ငံတကာရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော သင်္ဘောဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများနှင့် ပတ်သက်၍ လမ်းညွှန်ချက် ထုတ်ပြန်ခြင်း။
01/04/2020ရညန၏ကြေညာချက် အမှတ် ၂/၂၀၂၀Corona virus Disease 2019 (COVID-19) ပျံ့ပွားမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲ အကျိုးဆက်များအရ နိုင်ငံတကာရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော မြန်မာသင်္ဘောသားများ၏ ကျွမ်းကျင်မှု လက်မှတ် (All in One CoC Booklet)၊ တတ်ကျွမ်းမှုလက်မှတ် (All in One CoP Booklet) နှင့် Medical Certificate များအား သက်တမ်း တိုးမြှင့်ခြင်း ဆိုင်ရာလမ်းညွှန်ချက် ထုတ်ပြန်ခြင်း။
30/03/2020ရညန၏ကြေညာချက်
အမှတ် ၁/၂၀၂၀
Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်သော ကြေညာချက် ထုတ်ပြန်ခြင်း ကိစ္စ   

Notice regarding to Coronavirus Disease 2019 (COVID-19)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးရုံး၏ အရာထမ်းအိမ်ရာ RC(၁)ထပ်(၂)ခန်းတွဲ(အလျား၃၆ပေ x အနံ၃၆ပေ x အမြင့်၁၂ပေ) ဖေဖေါ်ဝါရီလအထိတည်ဆောက်ရေးလုပ်ငန်းဆောက်ရွက်နေမှု

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးအနေဖြင့်(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်မည့် Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ) နှင့် Lot-2 (ဖျာပုံခရိုင် ရုံးခွဲအဆောက်အဦ၏ ရုံးအဝင်ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတားတည်ဆောက်ခြင်း) လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရွေးချယ်ခြင်းအခမ်းအနားအား ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့တွင် (၁၂.၁၂.၂၀၁၉) ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(Lot-1)အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် တက်လမ်းသာကုမ္ပဏီနှင့် (Lot-2) အတွက် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် Royal Pathein Construction Co,Ltd ကုမ္ပဏီ(၂)ခုတို့အား တင်ဒါကော်မတီနှင့်ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီဝင်များ ရှေ့မှောက်တွင် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်စေခဲ့ရာ တက်လမ်းသာကုမ္ပဏီမှ Lot-1 (တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာ)အား တန်ဖိုးငွေ (၃၄၈၀၀၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါအောင်မြင်ခဲ့ပြီး  Royal Pathein Construction Co,Ltd မှ Lot-2 (ဖျာပုံခရိုင်ရုံးခွဲအဆောက်အဦ၏ ရုံးအဝင် ကွန်ကရစ်လမ်းခင်းခြင်း၊ RCတံတား တည်ဆောက်ခြင်း)အား တန်ဖိုးငွေ(၁၃၃၉၃၀၀ဝိ/-)ကျပ်တိတိဖြင့် တာဝန်ယူဆောက်လုပ်သွားရန် တင်ဒါ အောင်မြင်ခဲ့ပါသည်။

တိုင်းဒေသကြီးရုံး၏အရာထမ်းအိမ်ရာအား တင်ဒါအောင်မြင်ခဲ့သည့် တက်လမ်းသာကုမ္ပဏီမှ (၁.၁.၂၀၂၀) ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး ဖေဖေါ်ဝါရီလကုန်အထိပြီးစီးမှု အခြေအနေမှာ  Footing တူးခြင်းနှင့် Footing ချခြင်း၊ Retaining Wall အုတ်စီခြင်း၊ Ground Beam ချုပ်ရန်သံဆင်ခြင်း၊ Ground Beam လောင်းခြင်း၊ Plinth Level အထိ Short Colum တိုင်ထူခြင်း၊ Ground Beam အပေါ်မှ Plinth Level အောက်ခြေအထိ Retaining Wall အုတ်စီခြင်း၊ Plinth Beam လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်။

23.3.2020[38]_Page_123.3.2020[38]_Page_2

23.3.2020[38]_Page_323.3.2020[38]_Page_423.3.2020[38]_Page_523.3.2020[38]_Page_823.3.2020[38]_Page_723.3.2020[38]_Page_6