မတ်လအတွက် ဆောင်ရွက်ချက်များ

မတ်လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

ကျွမ်းကျင်မှုလက်မှတ်များအတွက် လေ့ကျင့်သင်ကြားခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ ပြန်လည်မွမ်းမံပြင်ဆင်ခြင်း ကိစ္စရပ်များအား ရှင်းလင်းခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲမှ ဦးဆောင်၍ ရေကြောင်းဘက်ဆိုင်ရာ အရာရှိများ၏ ကျွမ်းကျင်မှုလက်မှတ်များအတွက် လေ့ကျင့်သင်ကြားခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ပြန်လည်မွမ်းမံပြင်ဆင်ခြင်း ကိစ္စရပ်များအား ရှင်းလင်းခြင်းအစည်းအဝေးကို (၁၃-၃-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။


စက်မြင်း(၂၀)အထက် စက်တပ်ရေယာဉ်များအား မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင် စင်ထုတ်ပေးခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတစ်ခုဖြစ်သော စက်မြင်း(၂၀) အထက် စက်တပ်ရေယာဉ်များအား မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလိုင် စင်ထုတ်ပေးခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဦးစီးမှူးများ၊ တာဝန်ခံများနှင့် ရုံးချုပ်၊ ရေကြောင်း အင်ဂျင်နီယာဌာနခွဲ၊ ရေကြောင်း လုပ်ငန်းဌာနခွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရုံး များဌာနခွဲ (အောက်မြန်မာပြည်)တို့ဖြင့် (၂၃-၃-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့ကြ ပါသည်။


Technical Meeting အစည်းအဝေးများအား ကျင်းပခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဌာန၏ ဆောင်ရွက်လျှက် ရှိသည့် လုပ်ငန်းများအား ဌာနစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အတည်ပြု ထားနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းပြုလုပ်သော Technical Meeting အစည်း အဝေးများအား ကျင်းပလျှက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း (၃) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


ဂျပန်-မြန်မာ (MoU) လက်မှတ်ရေးထိုးခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ရေကြောင်းဘက်ဆိုင်ရာ သင်တန်းနည်းပြဆရာများ လေ့ကျင့်ပေးရေးနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် Memorandum of Coope-ration for Maritime Instructors Training Scheme အဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း (MoU) ရေးထိုးနိုင်ခဲ့ပါသည်။


Knowledge Sharing Programme

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် Class NK တို့အကြား Know- ledge Sharing Programme အရ Class NK မှ ဦးနန္ဒသိန်းဇံသည် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ (၆-၃-၂၀၂၀) ရက်နေ့တွင် လာရောက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။


စာမေးပွဲများကျင်းပခြင်း

ရေကြောင်းအင်ဂျင်နီယာအရာရှိနှင့် လျှပ်စစ်နည်းပညာအရာရှိ ကျွမ်းကျင်မှု လက်မှတ်စာမေးပွဲ၊ ရေးဖြေစာမေးပွဲ (၁/၂၀၂၀)အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းများအတိုင်း လိုက်နာလျှက် (၂၃-၃-၂၀၂၀)မှ(၂၆-၃-၂၀၂၀) ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ဖြေဆိုသူအင်အား မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Class

GEK (23-3-2020)

MEK (24-3-2020)

ET (25-3-2020)

NS&SC (26-3-2020)

MEO Calss I & II

၆၄

၆၁

၆၂

၆၈

MEO Class III

၈၄

၈၄

၈၁

၈၄

ETO


ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၏ ရေယာဉ် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဒေါပုံ သင်္ဘောကျင်းတွင်  ရေယာဉ်တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း အကြီးစားပြင်ဆင်မှု (၁)စင်း(ဌာနပိုင်) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသည် လိုင်စင်မဲ့ရေယာဉ်များ ပပျောက်ရေး၊ ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး အတွက်၊ ရန်ကုန်မြစ်နှင့်လှိုင်မြစ်၊ တွံတေးတူးမြောင်း တစ်လျှောက် ပြေးဆွဲ နေသော ရေယာဉ်များအား ရှောင်တခင် စစ်ဆေးရေးအဖွဲ့နှင့် လိုက်လံစစ်ဆေး၍ စည်းကမ်းကိုက်ညီမှုမရှိသော ရေယာဉ်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။


ရေကြောင်းလုပ်ငန်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းအနေဖြင့် ကမ်းရိုးတမ်းသွားနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ကြီး (၁၇)စင်းအား လုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ ရေယာဉ်ကြီး (၂၄၀) စင်းအား သက်တမ်း တိုး လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ရေယာဉ်ကြီး (၇)စင်းအား မှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်ကိစ္စ အခြားပြောင်းလဲခြင်း (၈)စင်း ဆောင်ရွက် ခဲ့ကာ Bareboat Charter ယာယီမှတ်ပုံတင် သက်တမ်းတိုး(၁)စင်း၊  VGM ကြေငြာနိုင်ရေးအတွက် Shipper များသို့ Approval Letter အသစ်(၁၃)စောင်နှင့် သက်တမ်းတိုး (၁)စောင်ထုတ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။


တိုင်းဒေသကြီး/ပြည်နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက်များ

  • ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးရုံးသည် (၅-၃-၂၀၂၀) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ (၁၄-၃-၂၀၂၀) ရက်နေ့တွင် တောင်သာမြို့နယ်၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် တောင်သာမြို့နယ်များသို့ ကွင်း ဆင်းသွားရောက်ခဲ့ကြပြီး ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ စက်မြင်းအား (၂၀) အောက် ရေယာဉ်များအတွက် လုပ်ငန်းလိုင်စင်နှင့် ရေယာဉ်မောင်းနှင်မှု လက်မှတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

  • ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စက်မြင်း ကောင်ရေ(၂၀)အထက် ခရီးသည်တင်/ကုန်တင် ရေယာဉ်(၄)စီးအား မှတ်ပုံတင် နှင့် လုပ်ငန်းလိုင်စင်အသစ်ပြုလုပ်ခြင်း၊ ရေယာဉ် (၃၀) စီးအား သက်တမ်းတိုး ပေးခြင်း၊ ငါးဖမ်း/ငါးသယ် ရေယာဉ်(၁၇)စီး သက်တမ်းတိုး ပေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
  • ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးသည် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း စက်မြင်းကောင် ရေ(၂၀)အထက် ရေယာဉ်(၁၁)စီးနှင့် စက်မြင်းကောင်ရေ (၂၀) အောက် ရေယာဉ်(၁၉)စီးအား ရေယာဉ်မောင်းနှင်ခွင့်လက်မှတ်နှင့် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းအား ကွင်းဆင်း ဆောင်ရွက် ခဲ့ပါသည်။