ဖေဖော်ဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
(က) အစည်းအဝေးများကျင်းပပြုလုပ်ခြင်း
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲမှ ဦးဆောင်၍ မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ် များတွင် ဘိလပ်မြေအိတ် ကုန်ပစ္စည်းများ စနစ် တကျ သိုလှောင်ခြင်းနှင့်ချည်နှောင်ခြင်း ကိစ္စရပ်များ ရှင်းလင်းခြင်း အစည်းအဝေး ကျင်းပ

2019 Novel Corona Virus ကူးစက်ပြန့်ပွားမှု ကြိုတင်ကာ ကွယ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး (၅-၂-၂၀၂၀)
မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအသီးသီးသို့ ဝင်/ထွက် ဆိုက်ကပ် လျှက်ရှိသည့် အပြည်ပြည် ဆိုင်ရာ သင်္ဘောများမှတဆင့် 2019 Novel Corona Virus ကူးစက်ပြန့်ပွားမှုအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးတစ်ရပ်အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ကြပါသည်။

ဆိပ်ကမ်းလုံခြုံရေးအရာရှိ အကဲဖြတ်စာမေးပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားနိုင်ရေး ညှိနှိုင်း အစည်းအဝေး (၁၄-၂-၂၀၂၀)
ဆိပ်ကမ်းလုံခြုံရေးအရာရှိများအနေဖြင့် မိမိဆိပ်ကမ်း၏ Plan များကို Update ပြုလုပ်နိုင်ကြရန်၊ အရည်အချင်းမြင့်မားလာစေရန်နှင့် ဆိပ်ကမ်းလုံခြုံရေးအရာရှိ အကဲဖြတ်စာမေးပွဲ နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားနိုင်ရေးတို့ကို ရည်ရွယ်လျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဥပဒေ(မူကြမ်း) ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး (၁၇-၂-၂၀၂၀)
ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးဥပဒေ(မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် (၉)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကြံပေး ပညာရှင်များ ပါဝင် တက်ရောက်လျက် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ပြည်တွင်းဆိပ်ကမ်းများ၏ လုံခြုံရေးအတွက် ဆိပ်ကမ်းအလိုက်လုံခြုံရေးစီမံချက် များရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁၉-၂-၂၀၂၀)
ပြည်တွင်းဆိပ်ကမ်းများ၏ လုံခြုံရေးအတွက် ဆိပ်ကမ်းအလိုက်လုံခြုံရေးစီမံချက် များရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ကြ ပါသည်။

Myanmar Maritime Tripartite Committee အစည်းအဝေး (၂/၂၀၂၀) ကျင်းပ
Myanmar Maritime Tripartite Committee အစည်းအဝေး (၂/၂၀၂၀) အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ရာ အစည်းအဝေး၏ ဆွေးနွေး ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) Covid 19 Virus ကိစ္စနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်လျက်ရှိသော သင်္ဘောသားအတွက် ဆောင်ရန်/ရှောင်ရန်များအား SRPS ကုမ္ပဏီများမှ ညွှန်ကြားပေးရေး၊
(ခ) သင်္ဘောသားများ မိမိကြိုက်နှစ်သက်ရာ Union များသို့ Member အဖြစ် ဝင်ရောက်နိုင်ရေး By Force ဖြင့် မဟုတ်ဘဲ စည်းရုံးဆွဲဆောင်သော နည်း လမ်းဖြင့် ဆောင်ရွက်သွားနိုင်ကြရေး၊
(ဂ) ဌာနမှ ထုတ်ပြန်ထားသော Standard Terms and Condition တွင် MSESF မှ ပြုစုထားသော Code of Conduct အား ဖြန့်ဝေပေးရန်ကိစ္စ။

Technical Meeting အစည်းအဝေးများအား ကျင်းပခြင်း
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း Technical Meeting အစည်းအဝေး (၂) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ ပါသည်။

(ခ) အခမ်းအနားများကျင်းပခြင်းနှင့် သင်တန်းပို့ချခြင်းများ
ရေကြောင်းအင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ Surveyor Training Course သင်တန်းပို့ချခြင်း
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးဇော်မြင့်သိန်းမှ ရေကြောင်းအင်ဂျင်နီယာဌာနခွဲတွင် တာဝန်ထမ်းဆောင်နေ ကြသော ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေး မှူးများနှင့် ဦးစီးအရာရှိ(အင်ဂျင်နီယာ)များအား Vessel Strength Calculation and Load Line Calculation ခေါင်းစဉ်ဖြင့် သင်တန်းပို့ချပေးခဲ့ပါသည်။
AVA Maritek Co.,ltd rS AIS အမျိုးအစားများ တပ်ဆင်မှုနှင့် အသုံးပြုမှုဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းတင်ပြခြင်း

(ဂ) ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၏ ရေယာဉ် တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများ
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဒေါပုံ သင်္ဘောကျင်းတွင် ရေယာဉ် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း အသေးစား ပြင်ဆင်မှု (၃) ခု၊ ရေယာဉ်သစ်လက်ခံတည်ဆောက်မှု (၁) စင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသည် လိုင်စင်မဲ့ရေယာဉ်များ ပပျောက်ရေး၊ ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး အတွက်၊ ရန်ကုန်မြစ်နှင့်လှိုင်မြစ်၊ တွံတေးတူးမြောင်း တစ်လျှောက် ပြေးဆွဲ နေသော ရေယာဉ်များအား ရှောင်တခင် စစ်ဆေးရေးအဖွဲ့နှင့် လိုက်လံစစ်ဆေး၍ စည်းကမ်းကိုက်ညီမှုမရှိသော ရေယာဉ်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

ရေကြောင်းလုပ်ငန်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အတွင်းတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းအနေဖြင့် ကမ်းရိုးတမ်းသွားနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ကြီး (၁၁)စင်းအား လုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးခြင်း၊ ရေယာဉ်ကြီး (၂၅၈) စင်းအား သက်တမ်း တိုး လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ရေယာဉ်ကြီး (၆)စင်းအား မှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်ကိစ္စ အခြားပြောင်းလဲခြင်း (၉)စင်း ဆောင်ရွက် ခဲ့ကာ Bareboat Charter ယာယီမှတ်ပုံတင် သက်တမ်းတိုး(၁)စင်း၊ VGM ကြေငြာနိုင်ရေးအတွက် Shipper များသို့ Approval Letter အသစ်(၁၈)စောင်နှင့် သက်တမ်းတိုး (၂)စောင်ထုတ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အတွက် လုပ်ငန်းဆောင်ရွက်ချက်များ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကုန်တင်/ခရီးသည်တင် ရေယာဉ်ကြီးများအား တိုင်းတာစစ်ဆေးမှတ်ပုံတင်ပေးခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ရေယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့ ပေါင်းစပ်၍ ပုသိမ်မြို့ဆိပ်ကမ်းထွက် ရေယာဉ်များနှင့် အခြားစက်တပ်ရေယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်း
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အတွက် လုပ်ငန်းဆောင်ရွက်ချက်များ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးသည် တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း စက်မြင်းကောင်ရေ(၂၀)အထက် ရေယာဉ်(၁၁)စီးနှင့် စက်မြင်းကောင်ရေ(၂၀) အောက် ရေယာဉ်(၁၉)စီးအား ရေယာဉ်မောင်းနှင်ခွင့်လက်မှတ်နှင့် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အတွက် လုပ်ငန်းဆောင်ရွက်ချက်များ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံးသည် ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် စက်မြင်းကောင်ရေ(၂၀)အထက် ခရီးသည်တင်/ ကုန်တင် ရေယာဉ်(၁၈)စီး မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေးခြင်း၊ ငါးဖမ်း/ငါးသယ် ရေယာဉ်အသစ်(၂) စီး မှတ်ပုံတင်ပေးခြင်း၊ (၃၁)စီး သက်တမ်း တိုးပေးခြင်းနှင့် စက်မြင်းကောင်ရေ (၂၀) အောက် ရေယာဉ် (၁၁၁) စီး အား ရေယာဉ်မောင်းနှင်ခွင့် လက်မှတ်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
(ဃ) ဌာနမှ အရာရှိများ၏ နိုင်ငံခြားခရီးစဉ်များ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအန္တရာယ် ကင်းရှင်း ရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်မင်းခန့်သည် ဂျပန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသော 17th Session of the ASEAN-Japan Port Security Experts Meeting (PSEM 17)သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူးများဖြစ်ကြသော ဦးကျော်မိုးနှင့် ဦးမင်းမင်းသက်တို့သည် မလေးရှားနိုင်ငံ ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နေ့မှ မတ်လ ၃ ရက်နေ့အထိကျင်းပသော International Intermediate Maritime Crime Scene Preservation Course, 2020 သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲမှ ဦးစီးအရာရှိ ဦးစိုးမိုးသူ သည် မလေးရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ ကျင်းပသော Technical Workshop on the Aids to Navigation in the Straits of Malacca and Singapore 2020 သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ (အောက်မြန်မာ ပြည်)၊ တနင်္သာရီတိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး၊ ဦးဇာနည်ကျော်ကျော်သည် ဂျပန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ ကျင်းပသော 2nd ASEAN-Japan Regional Meeting on the Guideline for Safety Measure with Ships’ Routing in ASEAN Region သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေနှင့် နည်းပညာစံများဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မော်မော်ထွန်းသည် တီမောလက်ခ်တေနိုင်ငံ၊ ဒီလီမြို့၌ (၂၇-၂-၂၀၂၀) ရက်နေ့မှ (၂၈-၂-၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ် သည့် The ARF Workshop On Dispute Resolution and Law of the Sea သို့၊ ပါဝင်တက်ရောက်ခဲ့ပါသည်။
