ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သတင်းများ

ဇူလိုင်လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

(က) အစည်းအဝေးများကျင်းပပြုလုပ်ခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ စီစဉ်ကျင်းပ သော မြန်မာသင်္ဘောသားများ Crew Change ကိစ္စနှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့ရာ မြန်မာ သင်္ဘောသားများ Crew Change ကိစ္စနှင့် ပတ်သက်၍ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သင်္ဘောသား Crew Change Working Committee ကို ဖွဲ့စည်းရန်အတွက် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ စီစဉ်ကျင်းပ သော မြန်မာသင်္ဘောသား Crew Change ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်း ကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့ရာ မြန်မာ သင်္ဘောသားများ Crew Change ကိစ္စနှင့် ပတ်သက်၍ အောက်ပါအချက်များအား ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

(က)    ကော့သောင်းမြို့တွင် Crew Change ပြုလုပ်ပြီး Quarantine (၂၁)ရက် ဝင်ရောက်လျက်ရှိသော သင်္ဘောသားများအား ပထမအကြိမ် Swab Test ရယူပြီး Negative အဖြေ ထွက်ရှိပါက ကျန်ရှိသည့်ရက်များကို မြန်မာအမျိုးသား လေကြောင်း၏ Charter Flight ဖြင့် ရန်ကုန်မြို့ရှိ Quarantine  Center များသို ပြောင်းရွှေ့ခွင့်ပြုပါရန် ကိစ္စအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြသွားရန်၊

(ခ)     ကော့သောင်းမြို့တွင် Hotel Quarantine Center များ မလုံလောက်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ (သို့မဟုတ်) ကမ်းရိုးတန်းသွား အမြန် ရေယာဉ်များဖြင့် မြိတ်မြို့ရှိ Hotel Quarantine နေရာများသို့ ပြောင်းရွှေ့နေရာ ချထားခွင့်အား ခွင့်ပြုပါရန်ကိစ္စကို တင်ပြသွားရန်၊

(ဂ)     ကော့သောင်းမြို့တွင် Hotel Quarantine Center များ ထပ်မံတိုးချဲ့ ပေးရေး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဝန်ကြီးဌာန မှတစ်ဆင့် တင်ပြသွားရန်၊

(ဃ)    ကော့သောင်းမြို့တွင် Crew Change ကိစ္စများဆောင်ရွက်ရန် တင်ပြရာ တွင် ဝန်ကြီးဌာနမှတစ်ဆင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက်တောင်းခံရသဖြင့် SRPS များအနေဖြင့် Crew Change ပြုလုပ်မည့်ရက်မတိုင်မီ အနည်းဆုံး(၁၀) ရက်ခန့် ကြိုတင် တင်ပြကြရန်၊

(င)     တင်ပြထားသော Crew Change ကိစ္စများအပေါ် ETA ပြောင်းလဲခြင်း၊ Sign-on/Sign-off Crew အရေအတွက်ပြောင်းလဲခြင်းများအား အနည်းဆုံး(၁၀) ရက်ခန့် ကြိုတင် တင်ပြကြရန်၊

Technical Meeting အစည်းအဝေးများအား ကျင်းပခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဌာန၏ ဆောင်ရွက်လျှက် ရှိသည့် လုပ်ငန်းများအား ဌာနစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အတည်ပြု ထားနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းပြုလုပ်သော Technical Meeting အစည်း အဝေးများအား ကျင်းပလျှက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၁) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။





ဒုတိယသမ္မတ (၂) ဦးဆောင်သော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီမှ အတည်ပြုချက်ရယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသော အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုအပေါ် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ဒေသအပေါ်မူတည်၍ ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင် ရွက်ရေးစီမံချက် ရေးဆွဲထားရှိသင့်သည့် ဒေသ(၆)ခုအနက် ဧရာဝတီတိုင်းဒေသ ကြီးအတွက် စီမံချက်ရေးဆွဲနိုင်ရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ရေထုညစ်ညမ်းမှု တုံ့ပြန် ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်း အဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Class NK နှင့် DMA တို့အကြား Knowledge Sharing Programme အစီအစဉ်အရ Reduction of GHG Emissions from International Shipping Sector ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းအင်ဂျင်နီယာဌာနခွဲ တွင် Flag State Engineer Surveyor Course (2/2020) သင်တန်းအား ပို့ချခဲ့ ပါသည်။

(ခ)  သင်တန်းဖွင့်လှစ်ခြင်းများနှင့် စာမေးပွဲကျင်းပခြင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပထမုံးအကြိမ် ဦးစီးဖွင့်လှစ်သည့် တရားမဝင် ငါးဖမ်းဆီးခြင်းနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်းဆိုင်ရာ နည်းစနစ် သင်တန်း (IUU & Responsible Fishing Techiques for Fishing Boat Skippers) သို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်း ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှမျိုးကျော်သည် ရေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ဘာသာရပ်အား (၂၃-၇-၂၀၂၀) နှင့် (၂၈-၇-၂၀၂၀) ရက်နေ့တို့တွင် ငါးလုပ်ငန်း အတတ်သင်သိပ္ပံ(ကြို့ကုန်း)သို့ သွားရောက် သင်ကြား ပို့ချခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲ မှ ကြီးမှူး၍ (၂-၇-၂၀၂၀) ရက်နေ့မှ (၃-၇-၂၀၂၀) ရက်နေ့အထိ အရာရှိ (နိုင်ငံခြားသွား) (၁/၂၀၂၀) ရေးဖြေစာမေးပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ပါသည်။

(ဂ) ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ကမ်းရိုးတန်းသွား ရေယာဉ်များအတွက် ရေယာဉ် မှတ်ပုံတင် ထုတ်ပေးခြင်းအနေဖြင့် ခရီးသည်တင်(သံခွံ) (၁) စင်း၊ ကုန်တင် (သံခွံ) (၂) စင်း စုစုပေါင်း ရေယာဉ် (၃)စင်းအတွက် အားလည်းကောင်း၊ ကန်းရိုးတန်းသွားရေယာဉ်များအတွက် L.S.A လက်မှတ် ထုတ်ပေးခြင်းအနေဖြင့် ဆီတင်(သံခွံ) (၁) စင်း၊ ကုန်တင်(သံခွံ) (၂၁)စင်း၊ ငါးဖမ်း(သံခွံ) (၁၄) စင်း၊ ငါးဖမ်း(သစ်သားခွံ) (၈၇) စင်း စုစုပေါင်း ရေယာဉ်(၁၂၃) စင်းအားလည်းကောင်း၊ ကန်းရိုးတန်းသွားရေယာဉ်များအတွက် Outward Clearance ထုတ်ပေးခြင်း အနေဖြင့် ဆီတင်(သံခွံ) (၁၆) စင်း၊ ကုန်တင်(သံခွံ) (၁၃၄)စင်း၊ ငါးဖမ်း(သံခွံ) (၃) စင်း၊ ငါးဖမ်း(သစ်သားခွံ) (၁၈) စင်း စုစုပေါင်း ရေယာဉ်(၁၇၁) စင်းအား လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ရေကြောင်းလုပ်ငန်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းလုပ်ငန်းဌာနခွဲသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း အနေဖြင့် ကမ်းရိုး တန်းသွားနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ကြီး (၆)စင်းအား လုပ်ငန်း လိုင်စင် အသစ်ထုတ်ပေးခြင်း၊ (၂၄၅) စင်းအား သက်တမ်းတိုး လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ရေယာဉ်ကြီး (၅)စင်းအား မှတ်ပုံတင်ပေးခြင်း၊ မှတ်ပုံတင်ကိစ္စ အခြားပြောင်းလဲခြင်း (၅)စင်း ဆောင်ရွက်ခဲ့ကာ VGM ကြေငြာ နိုင်ရေး အတွက် Shipper များသို့ Approval Letter အသစ်(၁၉)စောင်နှင့် သက်တမ်းတိုး (၁၁၆)စောင်ထုတ်ပေးခြင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံးသည် ၂၀၂၀ ပြည့် နှစ်၊ ဇူလိုင်လအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စက်မြင်း(၂၀)အထက် ခရီးသည်တင်/ကုန်တင် ရေယာဉ်(၁၁)စီးအား မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုးပေးခြင်း၊ ငါးဖမ်း/ ငါးသယ် ရေယာဉ်(၂၄)စီးအား ပြည်နယ် မှတ်ပုံတင်အသစ် ထုတ်ပေးခြင်း၊ (၄၁) စီးအား သက်တမ်းတိုးပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရေယာဉ်များ စနစ်တကျမောင်းနှင်မှုရှိစေရေးနှင့် မတော်တဆမှုများ လျော့နည်းပပျောက်စေရေးအတွက် ရေယာဉ်များ အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၂) ရက်နေ့တွင် ဟုမ္မလင်းမြို့၌ ကျင်းပခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက် ကျောက်စရစ်များ စစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်လျက်ရှိပြီး တွဲတွန်း/တွဲဆွဲ နှင့် စက်မဲတွဲ ရေယာဉ်ကြီးများအား လိုင်စင်ဆိုင်ရာ အထောက်အထားများ ပြည့်စုံမှုရှိ/မရှိ၊ စည်းကမ်းညီညွတ်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး အတွင်းရှိ စက်မြင်း (၂၀)အထက် စက်တပ် ရေယာဉ်ငယ် (၄၂) စင်းအားလည်း မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင်ထုတ်ပေး နိုင်ရေးအတွက် တိုင်းတာစစ်ဆေး ပေးခဲ့ပါသည်။ ကျွမ်းကျင်မှုလက်မှတ်ရ ရေယာဉ်အုပ်၊ စက်ခန်းအုပ် စာမေးပွဲများ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း မကွေးတိုင်းဒေသကြီးရုံးတွင် ကျင်းပစစ်ဆေးခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၏ ရေယာဉ် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဒေါပုံ-သင်္ဘော ကျင်းတွင်  ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အကြီးစားပြင်ဆင်မှု (၄) ခု ဆောင် ရွက်နိုင်ခဲ့ပါသည်။ စက်မြင်း (၂၀) အထက် ရေယာဉ်မှတ်ပုံတင်ခြင်း အတွက် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းတွင် ကုန်တင်ရေယာဉ် (၁၄) စီးအား ကနဦးနှင့် သက်တမ်းတိုး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ကုန်တင်နှင့် ခရီးသည်တင်ရေယာဉ် (စက်မြင်း -၂၀ အထက်) (၁၆) စီးနှင့် (စက်မြင်း ၂၀-အောက်) (၁၀၂) စီး အား ဆောင်ရွက်နိုင် ခဲ့ပါသည်။

          ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကပိုင် ရေယာဉ်အသင်းတို့ပူးပေါင်း၍ ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ ပြေးဆွဲသော ခရီးသည်တင်ရေယာဉ်များအား စည်းကမ်းတကျ ပြေးဆွဲမှုရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့များဖြင့် နေ့စဉ်စစ်ဆေးလျှက် ရှိပါသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၏ လုပ်ငန်းဆောင်ရွက်ချက်လုပ်ငန်းများ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ မန္တလေး-သင်္ဘောကျင်းတွင် ရေယာဉ်တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း အကြီးစားပြင်ဆင်မှု (၂၄) ခု အသေးစားပြင်ဆင်မှု(၁၁)ခု ဆောင်ရွက်နိုင်ခဲ့ပြီး ရေကြောင်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ စက်မြင်းအား (၂၀) အထက်ရေယာဉ်များ တိုင်းတာစစ်ဆေးခြင်း၊ မြင်း (၂၀) အောက် ရေယာဉ်များအတွက် လုပ်ငန်းလိုင်စင်နှင့် ရေယာဉ်မောင်းနှင်မှု လက်မှတ်များ ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၏ လုပ်ငန်း ဆောင်ရွက်ချက်လုပ်ငန်းများ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စက်မြင်း (၂၀)အထက် ရေယာဉ်များအား မှတ်ပုံတင်ခြင်းအဖြစ် ရေယာဉ် (၁၂)အား လည်းကောင်း၊ ပြည်တွင်းရေကြောင်း သွား စက်တပ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်နေသော ရေယာဉ်မောင်းနှင် သူများအား ကျွမ်းကျင်မှုလက်မှတ်ရ စာမေးပွဲကျင်းပ၍ လက်မှတ်များ ထုတ်ပေး ခဲ့ရာ ပထမတန်းရေယာဉ်အုပ်(၅)၊ ဒုတိယတန်းရေယာဉ်အုပ်(၁၀)ဦးနှင့် တတိယ တန်းရေယာဉ်အုပ်(၁၃)ဦးတို့အား လက်မှတ်များထုတ်ပေးခြင်းကို လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံး၏ လုပ်ငန်း ဆောင်ရွက်ချက်လုပ်ငန်းများ

မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သော ကမ်းရိုတန်းငါးလုပ်ငန်းစီမံကိန်းက (၁၅) ယောက်စီး ကင်းလှည့်ရေယာဉ် Speed Boat (၂)စင်းကို ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲတွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊တနင်္သာရီ တိုင်းဒေသကြီးရုံးသည် ရေယာဉ်များနှင့် ပတ်သက်သော အချက်အလက်များအား စစ်ဆေးပေးခဲ့ပါသည်။

ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်း ရှင်းရေး Safety at Sea သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့တွင်ဖွင့်လှစ်ခဲ့ရာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးမှ ပါဝင်၍ သင်တန်းပို့ချခဲ့ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးသည် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စက်မြင်း(၂၀) အထက် ကုန်တင်ရေယာဉ်များ နှစ်ပတ်လည် မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် OSS စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ပါသည်။ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ရေယာဉ်များအာ ရှောင်တခင် ကြပ်မတ်စစ်ဆေးလျက်ရှိရာ (၁၀-၇-၂၀၂၀) ရက်နေ့တွင် ပုသိမ် ဆိပ်ကမ်း၌လည်းကောင်း၊ (၁၄-၇-၂၀၂၀) နှင့် (၂၄-၇-၂၀၂၀) ရက်နေ့တို့တွင် ပုသိမ်မြို့၊ ငဝန်မြစ်ကြောင်းအတွင်း၌လည်းကောင်း စစ်ဆေးခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးအား ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့ ပါသည်။